
(အားကစား)ဇွန် ၃၀
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား – ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် တောင်အမေရိက အသင်းနှစ်သင်းဖြစ်သည့် ပါရာဂွေးအသင်းနှင့် ဘရာဇီးအသင်းတို့သည် ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မှာ ဒေသအချိန် ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြသည့် တောင်အမေရိက ထိပ်သီးအသင်း ပါရာဂွေးအသင်းနှင့် ဥရောပထိပ်သီး ဂျာမနီတို့ ယှဥ်ပြိုင်ကစားကြရာ ၁ ဂိုးစီသရေကျသဖြင့် ပင်နယ်တီအဆုံးအဖြတ်တွင် ပါရာဂွေးအသင်းက အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားကြောင်း သိရသည်။
အလားတူ တောင်အမေရိက ထိပ်သီး ဘရာဇီးအသင်းနှင့် အာရှထိပ်သီး ဂျပန်တို့ ယှဥ်ပြိုင်ကစားသည့် ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ဘရာဇီးက ပွဲပြီးချိန် နောက်ဆုံးစက္ကန့်ပိုင်းအလို၌ မာတီနယ်လီ၏သွင်းဂိုးနှင့် ပြိုင်ဘက် ဂျပန်အသင်းကို ၂ဂိုး၁ဂိုးဖြင့် အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားကြောင်း သိရသည်။