
(ပြည်တွင်း) ဇွန် ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို (Mr. Alexander Lukashenko) သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် လာရောက်ခဲ့ဖူးပြီး ယခုလာရောက်မည့် ခရီးစဉ်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၁၄ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် အဖြစ် ဘယ်လာရုစ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ကာ သမ္မတလူကာရှန်ကိုနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း ဘယ်လာရုစ်သမ္မတ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (၂)ကြိမ်တိုင်တိုင် သွား ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်များအဖြစ် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်နေ့တို့တွင် ဘယ်လာရုစ်နိုင်ငံ၌ သမ္မတ လူကာရှန်ကိုနှင့် ထပ်မံတွေ့ဆုံကာ နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ထားရှိမှုသည် လက်ရှိတွင် (၂၆) နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ချစ်ကြည်ရေး အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ နည်းပညာနှင့် သံတမန်ရေးရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN