အမေရိကန်-အီရန် သဘောတူညီချက်ကြောင့် စွမ်းအင်ကွင်းဆက် တည်ငြိမ်မည့် မျှော်လင့်ချက်ဖြင့် ဝေါစထရိစတော့ဈေးကွက် မြင့်တက်လာ၊ ရေနံဈေး ၅ ရာခိုင်နှုန်းနီးပါး ပြန်ကျ

(နိုင်ငံတကာ) ဇွန် ၁၇

     အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲနေသော စစ်ပွဲကို အဆုံးသတ်ရန် ရရှိခဲ့သည့် ကနဦးမူဘောင်သဘောတူညီချက်ကြောင့် ဟော်မုဇ်ရေလက်ကြားတွင် လပေါင်းများစွာ ကြာ မြင့်ခဲ့သော ပိတ်ဆို့မှုများအပြီး ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုစနစ် ပြန်လည်တည်ငြိမ်လာတော့မည်ဟူသော မျှော်လင့်ချက်များဖြင့် အမေရိကန်ဝေါစထရိ (Wall Street) စတော့ရှယ်ယာဈေးကွက်များ တနင်္လာနေ့တွင် ပြန်လည်ဦးမော့လာခဲ့သည်။

​     စတော့ဈေးကွက်၏ အဓိကစံနှုန်းဖြစ်သော S&P 500 အညွှန်းကိန်းသည် ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သမိုင်းတစ် လျှောက် အမြင့်ဆုံးစံချိန်သို့ ရောက်ရှိရန် လက်တစ် ကမ်းအလိုသို့ ရောက်ရှိလာခဲ့သည်။ အထူးတန်းဝင် ကုမ္ပဏီကြီးများ ပါဝင်သော Dow Jones Industrial Average အညွှန်းကိန်းသည်လည်း ၀.၉ ရာခိုင်နှုန်း မြင့်တက်ကာ စံ ချိန်တင်အမြင့်ဆုံးအဆင့်ဖြင့် ဈေးပိတ်ခဲ့သည်။

​     နည်းပညာကဏ္ဍကို အဓိကထားသည့် Nasdaq Composite အညွှန်းကိန်းသည် ၃.၁ ရာခိုင်နှုန်းအထိ သိသိသာသာ ခုန်တက်သွားခဲ့သည်။ ယင်းသို့ မြင့်တက်ရခြင်းမှာ ပြီးခဲ့သည့် သောကြာ နေ့က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော စတော့ဈေး ကွက်အဖွင့်(Market Debut)ကို လုပ် ဆောင်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ပထမဆုံးသော ထရီလီယံနာ (Trillionaire)အဖြစ် အီလွန်မတ်စ် (Elon Musk)ကို ပို့ ဆောင်ပေးခဲ့သည့် SpaceX ကုမ္ပဏီ ၏ ရှယ်ယာတန်ဖိုးသည် တနင်္လာနေ့တွင် ၁၉.၆ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်သွားခဲ့ခြင်းကြောင့် အဓိကအထောက်အကူ ဖြစ်စေခဲ့သည်။

     ချီကာဂိုအခြေစိုက် Seaport Research Partners မှ အကြီးတန်း စတော့ ဂျေး ဂိုးလ်ဒ်ဘာ့ဂ်က “AI နည်းပညာဘက်မှာ သုံးစွဲမှုတွေက အားကောင်းနေပေမဲ့ စစ်ပွဲဖြစ်နေလို့ ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြတာပါ။ အခုတော့ စစ်ပွဲက ပြီးဆုံးသွားပြီလို့ ယူဆရတဲ့အတွက် အဲဒီစိုးရိမ်ပူပန်မှု ဆင်ခြေက ပျောက်သွားပြီး ဈေးကွက်ထဲကို ရဲရဲဝံ့ဝံ့ ပြန် လည်ဝယ်ယူလာကြတာ ဖြစ်ပါတယ်” ဟု သုံးသပ်ထား သည်။

​     အမေရိကန်-အီရန် သဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံစံနှုန်းဖြစ်သည့် ဘရန့်တ်(Brent)ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းများ သည် ၅ ရာခိုင်နှုန်းနီးပါး ချက်ချင်းကျဆင်းသွားခဲ့ပြီး၊ စစ်ပွဲစတင်ခဲ့သည့် ပထမဆုံးရက်သတ္တပတ်နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်စည်လျှင် ၈၃ ဒေါ်လာအထက် အနည်း ငယ်မျှသာ ရှိတော့သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်နှင့် တဟီရန်တို့၏ သတင်းကြောင့် အာရှစတော့ဈေးကွက်များလည်း လိုက်ပါမြင့်တက်ခဲ့ရာ ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်းသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၇၀,၀၀၀ အမှတ်သို့ ခေတ္တမျှ ထိမှန်သွားခဲ့ပြီး တောင်ကိုရီးယား၏ KOSPI သည်လည်း ၂.၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

​     သို့သော်လည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှု၏ ငါးပုံတစ်ပုံခန့်ကို ပုံမှန်အားဖြင့် သယ် ယူပို့ဆောင်ပေးနေသည့် ဟော်မုဇ်ရေလက်ကြားတွင် အီရန်ရေတပ်၏ ရေမိုင်းအန္တရာယ်များကို ရှင်းလင်းရမည်ဖြစ်ခြင်းနှင့် ပိတ်မိနေသည့် သင်္ဘောအခြေအနေများကြောင့် စွမ်းအင်စီးဆင်းမှု လုံးဝပုံမှန်ဖြစ်ရန် လပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။

     အပြည်ပြည်ဆိုင်ရာ သင်္ဘောလုပ်ငန်း ကုန်သွယ်ရေးကောင်စီ (International Shipping Chamber)၏ အဆိုအရ လက်ရှိတွင် အဆိုပါ ရေလက်ကြားကို ဖြတ်သန်းရန်အတွက် ကုန်တင်သင်္ဘောပေါင်း ၅၀၀ ခန့်သည် ယခုအချိန်အထိ တန်းစီစောင့် ဆိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN