ပခုက္ကူမြို့နယ် ကမ္မ-မြိုင်လမ်းပိုင်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းနှင့် ကားမိုင်း ၈၀ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှာဖွေဖော်ထုတ် ဖယ်ရှားရှင်းလင်း

(ပြည်တွင်း)ဇွန် ၁၇

     ​​မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မ-မြိုင် လမ်းပိုင်းတစ်လျှောက်တွင် ထောင်ထားသည့် လက်လုပ်မိုင်းနှင့် ကားမိုင်း စုစုပေါင်း ၈၀ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော် ထုတ်၍ ဘေးကင်းစွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

     အများပြည်သူ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် မိုင်းများ ထောင်ထားကြောင်း ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် လ ၁၅ ရက်နေ့တွင် အဆိုပါဒေသအတွင်း နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြသည်။

ယင်းသို့ လုံခြုံရေးလုပ်ငန်းများ လုပ်ဆောင်စဉ် မန်ကျည်းတန်းကျေးရွာအနီး လမ်းဘေးတစ်လျှောက်တွင် PDF အဖွဲ့များ ထောင်ထားခဲ့သည့် ဆီပေပါခွံဖြင့် ပြုလုပ်ထားသော ကားမိုင်းကြီး ၁၇ လုံး၊ ပလတ်စတစ်ပုံးများဖြင့် ပြုလုပ်ထားသော ကားမိုင်း ၁၃ လုံး၊ လက်လုပ်မိုင်း ၈ လုံးနှင့် လက်လုပ်ရှေ့ထွက်မိုင်း ၄၂ လုံး အပါအဝင် စုစုပေါင်း ပေါက်ကွဲစေတတ်သော မိုင်း ၈၀ လုံးကို ကနဦး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

     အဆိုပါ ရှာဖွေတွေ့ရှိရသည့် မိုင်းများနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအားလုံးကို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန်နှင့် ဖြတ်သန်းသွားလာနေကြသည့် အရပ် သားပြည်သူများနှင့် ခရီးသွားဧည့်သည်များ အသက်အန္တရာယ် မထိခိုက်စေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ သက်မဲ့ပြုလုပ်ကာ ဘေးကင်းစွာ သိမ်းဆည်းဖယ်ရှားခဲ့ကြသည်။

     ဒေသတွင်း ထပ်မံဖြစ်ပွားလာနိုင်မည့် မိုင်းအန္တရာယ်နှင့် ခြိမ်း ခြောက်မှုများကို ကြိုတင်ကာကွယ်ရန်၊ လမ်းခရီးလုံခြုံချောမွေ့စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့် နီးကပ်စွာ ပူး ပေါင်း၍ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက် လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN