ဆိုင်ကယ်အား ဝင်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်မောင်းဖမ်းမိ

(မှုခင်း) ဇွန် ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်အား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်မောင်းအား ဖမ်းဆီးရမိကြောင်း သိရသည်။ဇွန်လ

ဇွန်လ၁၃ ရက်၊ ညနေပိုင်းက တာချီလိတ်မြို့၊ အားကစားရုံသွား မီးပွိုင့်ဘက်မှ ပုံလို့လမ်းဆုံမီးပွိုင့်ဘက်သို့ မောင်းနှင်လာသည့် Ford Rangerယာဥ်သည် လားရာတူ ရှေ့မှ မောင်းနှင်နေသည့် နောက်ဆွဲ လှည်းပါ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး Ford Ranger ယာဉ်မောင်းမှာ ရပ်တန့်ခြင်းမပြုဘဲ ယာဉ်နှင့်အတူ ထွက်ပြေးသွားခဲ့သသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အောင်နိုင်ဝင်းတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ အပြားဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ CCTV မှတ်တမ်းများနှင့် ထွက်ပြေးရာလမ်းကြောင်းတစ်လျှောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၃) လမ်းရှိ လူနေအိမ်တစ်အိမ်တွင် ယာဉ်မောင်းနှင်သူနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ၊၎င်းFord Ranger ယာဉ် မောင်းနှင်သူ စိုင်းအခုန်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN