သံတမန်ရေးရာ အားပြိုင်မှု- သဘောတူညီချက်ကို မနက် ဖြန် အီရန်က လက်မှတ်ထိုးမည်ဟု ထရမ်ပ် ဆိုသော် လည်း အီရန်ဘက်က ငြင်းဆို

(နိုင်ငံတကာ) ဇွန် ၁၃

     အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဖြစ်ပွားနေသော အီရန်စစ်ပွဲကို အဆုံးသတ်မည့် ကနဦး သဘောတူညီချက်တစ်ခုအား “မနက်ဖြန် (တနင်္ဂနွေနေ့) တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်က ကြေညာလိုက်သော်လည်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကမူ ချက်ချင်းဆိုသလို ငြင်းဆိုပယ်ချလိုက်သဖြင့် နှစ်ဖက်အကြား တင်းမာမှုများနှင့် သဘောထားကွဲလွဲမှုများ ပြန်လည်မြင့်တက်လာသည်။

     သမ္မတထရမ်ပ်က ၎င်း၏ အသက် ၈၀ ပြည့် မွေးနေ့နှင့် တိုက် ဆိုင်နေသည့် တနင်္ဂနွေနေ့တွင် သဘောတူညီချက်ကို လက်မှတ် ထိုးမည်ဖြစ်ကြောင်းနှင့် လက်မှတ်ရေးထိုးပြီး သည်နှင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးတွင် အရေးပါသည့် ဟော်မုဇ်ရေလက် ကြား(Hormuz Strait)ကို အားလုံးအတွက် ချက်ချင်း ပြန် လည်ဖွင့်လှစ်ပေးမည်ဟု ၎င်း၏ Truth Social အကောင့်တွင် စနေနေ့က ရေးသားခဲ့သည်။

     ထို့ပြင် ယခုသဘောတူညီချက်သည် အီရန်အတွက် “နျူက လီးယားလက်နက် လုံးဝမရှိစေရမည့် တံတိုင်းကြီး” ဖြစ် လာမည်ဖြစ်ပြီး မည်သည့်ငွေကြေးမျှ လက်ပြောင်းလက်လွှဲလုပ်မည်မဟုတ်ကြောင်းနှင့် အချိန်တန်လျှင် အီရန်၏ သန့် စင်ပြီးယူရေ နီယံ သိုလှောင်မှု (Nuclear Dust) များကို ဝင်ရောက်သိမ်းဆည်းမည်ဟု ပါးစပ်ကရဲရဲ ပြောဆိုခဲ့သည်။

     သို့သော်လည်း ထရမ်ပ်၏ ပြောကြားချက်သည် အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)၏ ထုတ်ပြန်ချက်နှင့် လုံးဝဆန့်ကျင်နေ သည်။ ဘာဂါအီက တနင်္ဂနွေနေ့တွင် မည်သည့်နားလည်မှုစာချွန်လွှာမျှ လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်းနှင့် အီရန်ဆွေးနွေးပွဲကိုယ်စားလှယ်များသည်လည်း ဆွတ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ သွားရောက်ရန် အစီ အစဉ်မရှိသေးဘဲ လက်မှတ်ရေးထိုးမှုကို “လာမည့်ရက်ပိုင်းအတွင်း” မှသာ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း တုံ့ ပြန်ခဲ့သည်။

     ထို့အတူ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (Abbas Araghchi) ကလည်း ယခုစာချွန်လွှာသည် စစ်ပွဲကို ချက်ချင်းရပ်တန့်စေမည်ဖြစ်သော်လည်း နျူကလီးယားအစီ အစဉ်အတွက်မူ ဆွေးနွေးပွဲများ၏ “စတင်ရာအမှတ်” သာ ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်နှင့် အိုမန်တို့ကသာ ဆက် လက်ထိန်းချုပ်စီမံသွားမည်ဖြစ်ကြောင်းနှင့် ပိတ်ဆို့မှုများဖယ် ရှားရေးကို လက်မှတ်ထိုးပြီးမှ ဆွေး နွေးမည်ဟု အခိုင်အမာဆို သည်။

     ယခု သံတမန်ရေးရာ အားပြိုင်မှုများသည် ပြီးခဲ့သည့် ဖေဖော် ဝါရီ ၂၈ ရက်ကတည်းက အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့က အီရန်အပေါ် စစ်ပွဲဆင်နွှဲခဲ့ပြီးနောက်၊ ဧပြီ ၈ ရက် အပစ်အခတ်ရပ်စဲရေးအလွန် သီတင်းပတ်အတွင်း နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများ ပြန်လည်ရှိခဲ့ပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

     သမ္မတထရမ်ပ်ကမူ ၎င်း ၂၀၁၈ ခုနှစ်တွင် တစ်ဦးတည်းသဘောဖြင့် နှုတ်ထွက်ခဲ့သည့် အိုဘားမားလက်ထက် ၂၀၁၅ နျူကလီးယားသဘောတူညီချက် (JCPOA) ထက် ပိုမိုတင်းကြပ်ပြတ်သားသည့် စာချုပ်မျိုးချုပ်ဆိုရန် ကြိုး   ပမ်းနေပြီး၊ အကယ် ၍ ယခုလုပ်ငန်းစဉ် အဆင်မပြေပါက “နောက်ဆုံးရွေးချယ်စရာ အခြားနည်းလမ်း (Ultimate alternative)” ရှိကြောင်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ စစ်ရေးအရ ထပ်မံခြိမ်းခြောက်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN