
(မှုခင်း) ဇွန် ၈
နေပြည်တော်ပျဉ်းမနားမြို့၊ရန်အောင်၁ ရပ်ကွက်၊ ဘို့ကုန်းရပ်တွင် သားအမိနှစ်ဦးအား ဓားဖြင့်ခုတ် လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့ညနေ ၅နာရီခွဲအချိန်ခန့်ကဦးထွန်းရှိန်၊ ၆၈ နှစ်(ဘ) ဦးသာလှိုင်၊ အိမ်အမှတ် (ယ-၃/ ၁၂၅)၊ ဘိုကုန်းရန်၊ရန်အောင် ၁ ရပ်ကွက်၊ပျဉ်းမနားမြို့နေသူမှ အိမ်နီးချင်ဖြစ်သူ ဒေါ်နီလာကျော် နှင့် သားဖြစ်သူ ဘုန်းမြတ်လင်း တို့၏ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဓါးဖြင့်ခုတ်သဖြင့် ဒေါ်နီလာကျော်၊၃၇ နှစ်(ဘ )ဦးကျော်သန်း၊အိမ်အမှတ်(ယ-၁၂/ ခ) ဘို့ကုန်းရပ်၊ရန်အောင် ၁ ရပ်ကွက်၊ပျဉ်းမနားမြို့ တွင် ရရှိဓားဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေးဆုံသွားခဲ့ပြီး ဘုန်းမြတ်လင်း ၁၄ နှစ် (ဘ) ဦးရမ်ဘို နဖူးဓားခုတ်ဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။
၎င်းတို့ ၂ဦးအား ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ၊ နေပြည်တော်သို့ မွန်မြတ်သူ လူမှုကူညီရေးယာဉ်ဖြင့်ပို့ဆောင်ထားရှိခဲ့ပြီး တရားခံ ဦးထွန်းရှိန်အား ပျဉ်းမနားမြို့မရဲစခန်းတွင်ဖမ်းဆီးထားရှိကြောင်း သိရသည်။