“ဂျော့ခ်ျ ဖလွိုက်ဒ် ဖြစ်ရပ်” ထပ်မံဖြစ်ပွါးပြီးနောက် အိုင်ယာလန်က လူမည်းအသိုင်းအဝိုင်းက လူမျိုးရေးခွဲခြားမှုအကြောင်း ဖွင့်ဟ

(နိုင်ငံတကာ) ဇွန် ၄

     အိုင်ယာလန်နိုင်ငံ မြို့တော်ဒပ်ဘလင်ရှိ နာမည်ကြီး အားနော့စ် (Arnotts) ကုန်တိုက်ကြီး၏ အပြင်ဘက်တွင် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က အသက် ၃၅ နှစ်အရွယ် ကွန်ဂိုနွယ်ဖွား အိုင်ယာလန်နိုင်ငံသား အိဗ် ဆာကီလာ (Yves Sakila)ဟာ ကုန်တိုက်လုံခြုံရေးဝန်ထမ်းတွေရဲ့ ကြမ်းတမ်းစွာ ဖိနှိပ်ချုပ်ကိုင်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ယခုဖြစ် ရပ်ဟာ ၂၀၂၀ ပြည့်နှစ်က အမေရိကန်တွင် လူမည်းအမျိုး သား ဂျော့ခ်ျဖလွိုက် သေဆုံးခဲ့ရပုံနှင့် ထပ်တူကျနေသဖြင့် အိုင်ယာလန်၏ “ဂျော့ခ်ျဖလွိုက် ဖြစ်ရပ်” ဟု အများက သတ်မှတ်ခေါ်ဆိုနေကြပြီး၊ နိုင်ငံအတွင်း ခေါင်းထောင်လာသည့် လူမျိုးရေးခွဲခြားမှုအပေါ် လူမည်းအသိုက် အဝန်းက အပြင်းအထန် ဝေဖန်ရှုတ်ချလာကြသည်။

     မျက်မြင်သက်သေများ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များအရ ကုန်တိုက်လုံခြုံရေးဝန်ထမ်းများသည် ပစ္စည်းခိုးယူသည်ဟု သံသယရှိသူ ဆာကီလာအား ဖမ်းဆီးထိန်းချုပ်စဉ် ၎င်း၏ လည် ပင်းပေါ်သို့ ဒူးဖြင့် ၄ မိနစ်ကျော်ကြာ ဖိနင်းထား ခဲ့ကြောင်း မြင်တွေ့ရသည်။ ဆာကီလာသည် ငယ်စဉ်က မိဘများကွာရှင်းပြီးနောက် လမ်းပေါ်တွင် အိုးမဲ့အိမ်မဲ့ နေထိုင်ခဲ့ရသူဖြစ်ပြီး ၎င်းအား ကူညီပေးနေသည့် အာဖရိကစည်းလုံးညီညွတ်ရေးဗဟိုဌာနက “သူဟာ အကူအညီလိုအပ်နေသူသာဖြစ်ပြီး သေဒဏ်ပေးခံရမယ့်သူ မဟုတ်ဘူး” ဟု ဆိုသည်။ ယခုအချိန်ထိ အဆိုပါအမှုနှင့် ပတ် သက်၍ လုံခြုံ ရေးဝန်ထမ်းများကို ဖမ်းဆီးအရေးယူထားခြင်း မရှိသေးပေ။

     ယခုဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် အိုင်ယာလန်ရှိ လူမည်းအသိုက်အဝန်းက မိမိတို့ ကြုံတွေ့နေရသည့် ကာယ ကံမြောက်နှင့် နှုတ်မှုရေးရာ လူမျိုးရေးခွဲခြားမှုများကို ပွင့်ပွင့်လင်းလင်း ထုတ် ဖော်ပြောဆိုလာကြသည်။ အိုင်ယာလန်အမျိုးသားရုပ်သံလိုင်း (RTE)၏ အစီအစဉ်တင်ဆက်သူ အီးမား အိုနေးလ် (Emer O’Neill)က သူမသည် နှစ်ပတ်အတွင်း “မင်းနိုင်ငံမင်းပြန်တော့” ဟု အော်ဟစ်ခံရခြင်းနှင့် ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် ၃ ကြိမ်တိုင်တိုင် လူမျိုးရေးစော်ကားခံခဲ့ရကြောင်း ရင်ဖွင့်ခဲ့သည်။

     ၎င်းအပြင် အိုင်ယာလန်သည် ဖိနှိပ်ခံပါလက်စတိုင်းနှင့် တောင်အာဖရိကတို့ဘက်က ရပ်တည်ပေးလေ့ရှိသော် လည်း မိမိတို့နိုင်ငံတွင်းက လူမျိုးရေးခွဲခြားမှုကိုမူ “မရှိပါဘူး” ဟု ငြင်း ပယ်ရန် ကြိုးပမ်းလေ့ရှိကြောင်း သုတေသီများနှင့် တက်ကြွလှုပ် ရှားသူများက ထောက်ပြကြသည်။

    အထူးသဖြင့် ဆာကီလာ မသေဆုံးမီ ရက်ပိုင်းအလိုက အိုင်ယာလန် ဝန်ကြီးချုပ်ဟောင်း ဘာတီ အာဟန်း (Bertie Ahern) က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် “ကျွန်တော်တို့ ကွန်ဂိုလိုနေရာမျိုးက လူတွေကို လက်ခံနေလို့ မရဘူး” ဟု ပြောကြားခဲ့သည့် ဗီဒီယို ထွက်ပေါ်လာခဲ့သော်လည်း ယခုအချိန်ထိ တောင်း ပန်ခြင်း မရှိသေးပေ။ ဆန္ဒပြသူများက ဆာကီလာသည် အိုင်ယာလန်နိုင်ငံသားအဖြစ် တရားဝင်ခံယူထားသူ ဖြစ်သော်လည်း သေ ဆုံးသွားချိန်တွင် သတင်းမီဒီယာအချို့က “ကွန်ဂိုလူမျိုး” ဟုသာ သုံးနှုန်းပြီး ၎င်း၏ အိုင်ယာလန်နိုင်ငံသားဖြစ်မှုကို ရုပ်သိမ်းလိုက်သကဲ့သို့ ပြုမူကြကြောင်း ဝေဖန်ခဲ့ကြသည်။

     လူမှုဗေဒစိတ်ပညာရှင်များ၏ သုံးသပ်ချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည်ရွေးကောက်ခံရပြီးနောက် အိုင်ယာလန်ရှိ လက်ယာစွန်းဝါဒီများသည် ပိုမိုရဲ တင်းလာပြီး ရွှေ့ ပြောင်းနေထိုင်သူများကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လာကြကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် တရား ဝင် စာရင်းဇယားများအရ အိုင်ယာလန်ရှိ လူမည်းအမျိုး သားနှင့် အာဖရိကနွယ်ဖွား ၄၉ ရာခိုင်နှုန်းခန့်သည် လူမျိုး ရေးခွဲခြားမှုကို ကိုယ်တိုင်ကြုံတွေ့ဖူးကြသည်။

     လက်ရှိတွင် ဆာကီလာ သေဆုံးမှုအတွက် ဒုတိယအကြိမ်အဖြစ် လွတ်လပ်သော မှုခင်းဆရာဝန်များက အလောင်းကို ထပ်မံစစ်ဆေးနေပြီး၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ၏ နိုင်ငံခြားရေးဝန်ကြီးကလည်း အိုင်ယာလန်သမ္မတ ကက်သရင်း ကွန်နိုလီ (Catherine Connolly)နှင့် တွေ့ဆုံကာ ယခုအမှုအတွက် လွတ်လပ်ပြီး တရားမျှတသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN