အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်ပါဝင်ပတ်သက်သူ ၆၂ ဦးနှင့် အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့်လုပ်ငန်းသုံးပစ္စည်းများ သိမ်းဆည်းရမိ

(မှုခင်း) မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၆၂ ဦးနှင့် အသုံးပြုခဲ့သည့် အဆောက်အအုံများနှင့်လုပ်ငန်းသုံးပစ္စည်းများ ဖမ်းဆီးရမိမှုအား မေ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခက်မြို့နယ်အတွင်း ယနေ့ နံနက် ၁၁နာရီ ၁၅မိနစ်ခန့်တွင် မိုင်းခက်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု၊ ဖားငင်ကျေးရွာ၏ တောင်ဘက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသားအမျိုးသား ၂၀ ဦးအား Star Link ၁လုံး၊ ဖုန်းမျိုးစုံ ၁၅လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ၁၁နာရီ ၅၀မိနစ် ခန့်တွင် အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက်၌ အွန်လိုင်းလိမ်လည်လောင်းကစာမှုကျူးလွန်သူ မြန်မာနိုင်ငံသားအမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ဦးတို့ကို လည်ကောင်း၊ မွန်းလွဲ ၁နာရီခွဲ ခန့်တွင်အဆိုကျေးရွာ၏ အရှေ့တောင်ဘက်တွင် တရုတ်နိုင်ငံသားအမျိုးသား ၃၀ဦး၊ အမျိုးသမီး ၁ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ဦးတို့အား ဖုန်းမျိုးစုံ၁၁ လုံးဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၅ဦး၊ Star Link ၁လုံး၊ ဖုန်းမျိုးစုံ ၂၆လုံး တို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#PAN