စစ်မှုထမ်းတာဝန်ပြီးစီး၍ နေရပ်သို့ပြန်လည်ရောက်ရှိလာသူအား ကြိုဆိုဂုဏ်ပြု

(ပြည်တွင်း) မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး ဟသာတခရိုင် ဇလွန်မြို့နယ် သဲကုန်းအုပ်စု ညောင်အိုင်ကျေးရွာနေ ဦးတင်ဝင်းအောင်နှင့် ဒေါ်လှလှနုတို့၏သား မောင်ဇော်မင်းထူးသည် စစ်မှုထမ်းအပတ်စဉ် (၂) တွင် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးနောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာသဖြင့် ကြိုဆိုဂုဏ်ပြုပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုပွဲသို့ ဇလွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချိုမြင့်ခိုင်မှ ကြိုဆိုဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး သဲကုန်းအုပ်စု ညောင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာသူကျေးရွာသားများမှလည်း အားတက်သရော ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။