အီရန်စစ်ပွဲနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးရန် သမ္မတထရန့် တရုတ်နိုင်ငံသို့ ထွက်ခွာ

(နိုင်ငံတကာ)မေ ၁၃

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန်အတွက် အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ဝါရှင်တန်ဒီစီမှ ပေကျင်းသို့ ထွက်ခွာသွားပြီဖြစ်သည်။ အဆိုပါခရီးစဉ်တွင် အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးသွားမည်ဖြစ်သော်လည်း ကုန် သွယ်ရေးကိစ္စကိုသာ အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ခရီးစဉ်မထွက်ခွာမီ သတင်းထောက်များနှင့် တွေ့ဆုံရာ တွင် သမ္မတထရန့်က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် တရုတ်၏အကူအညီ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။ “အီရန်စစ်ပွဲကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်တို့ အောင်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။

     သို့သော်လည်း သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် အီရန်အရေးကို “အကျယ်တဝင့် ဆွေးနွေးသွားမည်” ဟု ပြောကြားခဲ့သဖြင့် အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးအတွက် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို အသုံးချရန် အမေရိကန်ဘက်က မျှော်လင့်ထားဆဲဖြစ်ကြောင်း ယူဆရသည်။ လက်ရှိတွင် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးမှာ အလွန်စိုးရိမ်ရသည့် အခြေအနေ (Life Support)တွင် ရှိနေကြောင်း ထရန့်က ဝန်ခံထားသည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီက အမေရိကန် – အစ္စရေးတို့ ၏ လုပ်ဆောင်ချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယခုစစ်ပွဲသည် အမှန်တရားကို လိုလားသော ပြည်သူများနှင့် “လုပ် ကြံဖန်တီးတတ်သော လူလိမ်များ” အကြား တိုက်ပွဲဖြစ် ကြောင်း တုံ့ပြန်ပြောဆိုထား သည်။

     ယခုခရီးစဉ်၏ အဓိကအချက်မှာ ကုန်သွယ်ရေးဖြစ်ပြီး ထရန့်နှင့်အတူ Tesla စီအီးအို အီလွန်မတ်စ် နှင့် Apple စီအီးအို တင်မ်ကွတ်ခ် တို့အပါအဝင် ထိပ် တန်းစီးပွားရေးလုပ်ငန်းရှင် အများအပြား လိုက်ပါသွားကြသည်။ ခရီးစဥ်တွင် အမေရိကန် လယ်ယာထွက်ကုန်များနှင့် လေယာဉ်များကို တရုတ်က ပိုမိုဝယ်ယူရန် သဘောတူညီချက်များ ရရှိရန် ကြိုးပမ်းမည်ဖြစ်သည်။ ၎င်းအ​ပြင် နှစ်နိုင်ငံအကြား ကုန် သွယ်ရေး အငြင်းပွားမှုများကို ဖြေရှင်းရန် “Board of Trade” တစ်ရပ် ထူထောင်ရေး ဆွေးနွေးမည်ဖြစ်ပြီး ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်ရောင်းချမည့် ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးသွားဖွယ်ရှိနေသည်။

     သမ္မတထရန့်သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ကာ ကြာသပတေးနေ့တွင် နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲ တက်ရောက်မည်ဖြစ်သည်။ သောကြာနေ့တွင် သမ္မတရှီကျင့်ဖျင်နှင့် အလုပ်သဘော နေ့လယ်စာစားပွဲ ဆွေးနွေးပွဲများ ပြု လုပ်ပြီးနောက် အမေရိကန်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

​#Trump #XiJinping #USChina #IranWar #GlobalTrade #BreakingNews #PositiveAngleNews #BeijingSummit #WorldPolitics

Telegram»…
https://t.me/positiveanglenews

#PAN