(ပြည်တွင်း) မေ ၁၃
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတို့ကို လာမည့် ဇွန်လ ၂ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက မေ ၁၂ ရက်တွင် ကြိုတင်အသိပေး ကြေညာထားသည်။
ထို့အပြင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ နည်းဥပဒေခွဲ (ခ) တို့အရ လာမည့် ဇွန်လ ၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက အသိပေးကြေညာထားသည်။

#PAN