အထူးကုဆေးကုသ‌ေပးမှုနှင့် ကျောင်းအဆောက်အဦကို အဆင့်မြှင့်တင်နိုင်ရေးဆွေးနွေး

(ပြည်တွင်း) မေ ၁၀

ပဲခူးတိုင်းဒေသကြီး (အရှေ့) ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မေ ၉ ရက်တွင် အထူးကုဆေးကုသရေးစခန်း ဖွင့်လှစ်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသရေးလုပ်ငန်းတွင် ဝေါမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ဝင်းနိုင် ဦးဆောင်၍ ခွဲစိတ်အထူးကု၊ အရိုးအကြောအထူးကု၊ ဖျားနာအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ မျက်စိအထူးကု၊ နားနှာခေါင်းလည်ချောင်းအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အရေပြားရောဂါအထူးကုနှင့် ဓာတ်မှန်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့်တာဝန်ရ‌‌ှိသူများမှ ဆေးကုသမှုခံယူနေသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆေးကုသမှုခံယူသူ စုစုပေါင်း (၃၃၁) ဦးရှိပြီး လာရောက်ကုသပေးသည့် ဆရာဝန်များနှင့် အထူးကုများအားလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။

ထို့အပြင် ညောင်ခါးရှည်ကျေးရွာ အလယ်တန်းကျောင်း ယာယီကျောင်းဆောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ကျောင်းအဆောက်အဦကို အဆင့်မြှင့်တင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

#PAN