ကော့သောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံကိန်းရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

(ပြည်တွင်း) မေ ၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု၌ ရက်(၁၀၀)စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို မေ ၇ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြူနိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက ရက်(၁၀၀)စီမံချက်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသိရှိနားလည်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းစဉ်များကိုလည်း အသေးစိတ်ရှင်းလင်းခဲ့သည်။

ထို့ပြင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။