(ပြည်တွင်း) မေ ၃
ပုသိမ် မြို့နယ်အပါအဝင် သာပေါင်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ် နှင့် ငပုတောမြို့နယ် တို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် အချိန်ဇယားများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် ပုသိမ် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တို့အပါအဝင် တာဝန်ရှိသူများ၊ လျှပ်စစ်အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လျှပ်စစ်ဖြန့်ဖြူးရေး အချိန်ဇယားများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ပုသိမ်မြို့နယ် မီးပေးချိန် (Group A) အုပ်စုအလိုက် အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် အချိန်များမှာ ၀၀:၀၀ – ၀၂:၀၀ ၊ ၀၈:၀၀ – ၁၀:၀၀၊ ၁၆:၀၀ – ၁၈:၀၀ နာရီဖြစ်ကြောင်း သိရသည်။
Group (A) တွင် ပါဝင်သည့် ရပ်ကွက်များမှာ အမှတ်(၂)၊ (၃)၊ (၄)၊ (၅)၊ (၁၄) ရပ်ကွက်များနှင့် ရွှေမြင်တင်၊ ဇင်ပြွန်းကုန်း၊ မရမ်းချောင်း စသည့် ကျေးရွာအုပ်စုများ ပါဝင်ပြီး မြို့ပေါ်လမ်းများနှင့် ကျေးရွာအများအပြားတွင် အလှည့်ကျ မီးပေးသွားမည်ဖြစ်သည်။
ထို့ပြင် System Breakdown ဖြစ်ပေါ်နေချိန်များနှင့် မီးပြန်လည်စတင်ပေးချိန်များတွင် လျှပ်စစ်အသုံးပြုခွင့် ကန့်သတ်ထားရနိုင်သဖြင့် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း မီးမရရှိနိုင်သည့် အခြေအနေများလည်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို အဆင်ပြေစေရန် ပြည်သူများအနေဖြင့် သတ်မှတ်ချိန်ဇယားများကို လိုက်နာကာ လျှပ်စစ်အသုံးပြုမှုကို စနစ်တကျ စီမံခန့်ခွဲကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။
#PAN