

(မိုး/ဇလ) ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း ယမန်နေ့ ညပိုင်းက မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများေကြာင့် သမ္မတောကျေးရွာနှင့် ကျောက်မီးကျေးရွာကြားရှိ မန္တလေး-ပြင်ဦးလွင် ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ လမ်းပိတ်နေမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြစ်ပေါ်စေပြီး ခရိုင်မီးသတ်စခန်း၊ ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်း၊ ချမ်းမြသာစည် မြို့နယ် မီးသတ်စခန်းတို့မှ အဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ရာ ယနေ့ ၅နာရီအချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ယင်း မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်မီးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ၍ ပိမိနေပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။


ထို့ပြင် ပုသိမ်ကြီးမြို့နယ် ရွာရှည်ကျေးရွာ၊ ဆည်မြောင်းဘောင်လမ်းတွင်လည်း မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၈နာရီခွဲ အချိန်ခန့်က ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များ သွားရောက်ရှင်းလင်းခဲ့ကြောင်းသိရသည်။