
(နိုင်ငံတကာ) ဧပြီ ၂၀
အရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော အာရပ်စော်ဘွားများပြည် ထောင်စု (UAE)သည် ၎င်းတို့၏ ရေနံတင်ပို့မှုများအတွက် ပေးချေမှုကို တရုတ်ယွမ်ငွေဖြင့် ပြောင်းလဲလက်ခံရန် စဉ်းစားနေကြောင်း အမေရိကန်အစိုးရကို ပြတ်သားစွာ သတိပေးလိုက်သည်။
UAE အရာရှိများသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့် (Scott Bessent) နှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရေနံကို ယွမ်ငွေဖြင့် ရောင်းချဖြစ်ခဲ့ပါက ၁၉၇၀ ပြည့်နှစ်များကတည်းက ကမ္ဘာ့စီးပွားရေးကို စိုးမိုးထားသည့် “Petrodollar” (ရေနံကို ဒေါ်လာဖြင့်သာ ရောင်းချသည့်စနစ်) အပေါ် ကြီးမား သော ရိုက်ခတ်မှုဖြစ်စေပြီး ဒေါ်လာ၏ ကမ္ဘာ့အရန်ငွေကြေးအဖြစ် လွှမ်းမိုးမှုကို တိုက်ရိုက်စိန်ခေါ်ရာ ရောက်မည်ဖြစ်သည်။
အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဒေသတွင်း စီးပွားရေး စီဆင်းမှုများ ထိခိုက်နေပြီး UAE တွင် ဒေါ်လာငွေ လိုအပ်ချက် မြင့်မားနေသည်။ UAE အစိုးရက စစ်ပွဲကာလအတွင်း စီးပွားရေး တည်ငြိမ်စေရန် အမေရိကန်ထံမှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ရယူလိုသည်။ ဒေသတွင်းရှိ အမေရိကန်၏ စစ်ရေးနှင့် နိုင်ငံ ရေး မူဝါဒများသည် UAE ၏ နိုင်ငံခြားသုံးငွေ အရန်အင်အားကို ကုန်ခမ်းစေသည်ဟု ဆိုသည်။ ဒေါ်လာငွေ ရရှိနိုင်မှု ဆက်လက်ကျပ်တည်းနေပါက တရုတ်ယွမ်အပါအဝင် အခြားသော အစားထိုးငွေ ကြေးများကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း ပြောကြားထားသည်။
ဤလုပ်ရပ်သည် UAE အနေဖြင့် အမေရိကန်နှင့် ဆယ်စုနှစ်များစွာကြာ လက်တွဲခဲ့သည့် ဘဏ္ဍာရေးမဟာမိတ်အဖြစ်မှ ခွဲထွက်ကာ တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံရေး တည်ဆောက်ရန် ပြင်ဆင်လာခြင်းကို ပြသနေသည်။ လေ့လာသူများကမူ ဤသတိပေးချက်သည် အမေရိကန်ထံမှ ဘဏ္ဍာရေးနှင့် စစ်ရေးအာမခံချက်များ ပိုမိုရရှိရန်အတွက် ဖိအားပေးသည့် ဗျူဟာတစ်ခုလည်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
#UAE #Petrodollar #ChineseYuan #USDollar #GlobalEconomy #OilMarket #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN