မော်လိုက်မြို့အနီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

(မိုး/ဇလ) ဧပြီ ၇

မြန်မာနိုင်ငံပြည်တွင်း၌ ယနေ့နံနက် ၁နာရီ ၅၃မိနစ် ၅၀စက္ကန့်အချိန်တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

မြေငလျင်သည် တမူးမြေငလျင်စခန်းမှတိုင်းထွာချက်များအရ မော်လိုက် မြို့၏ အနောက်တောင်ဘက် (၃) မိုင်ခန့်အကွာ၊ တမူးမြေငလျင်စခန်း၏ တောင်ဘက် (၄၃)မိုင်ခန့်ကွာတွင် ဗဟိုပြုခဲ့ပြီး မြောက်လတ္တီတွဒ်(၂၃.၆၁)ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၇)ဒီဂရီ၊ အနက် ၈၀ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငလျင်သည် ရစ်ခ်တာစကေး ၄.၀(M) အဆင့်ရှိသည့် အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

#PAN