မိုင်းပန်-မိုင်းဆတ်လမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ယာဉ်မောင်းသေဆုံး နှစ်ဦးဒဏ်ရာရ

(မှုခင်း) ဧပြီ ၅

ရှမ်းပြည်နယ် မိုင်းပန်-မိုင်းဆတ် ကားလမ်းပေါ်တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်မောင်းတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် မိုင်းပန်-မိုင်းဆတ်သွားလမ်း၊ ရွာသာယာကျေးရွာအနီး မိုင်တိုင်အမှတ် (၁၀၃/၄) နှင့် (၁၀၃/၅) ကြားတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဥ်တိမ်းမှောက်ရာနေရာသို့ မိုင်းပန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအနက် ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး ကျန်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ပုဂ္ဂလိကပိုင် HILUX ယာဉ်ဖြင့် မိုင်းပန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။