


(မှုခင်း) မတ် ၂၆
မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်ဝင်းအတွင်းရှိ မှန်ဘီလူးစက်ရုံ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်ဖြင့် ဆက်လက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၅ ရက် ည ၁၂ နာရီကျော်ခန့်တွင် အမှတ် (၃) လမ်းမကြီးပေါ်ရှိ စက်မှုဇုန်ဝင်းအတွင်း မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့အစည်းများက အချိန်မီ သွားရောက်ကူညီငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုသည် မှန်ဘီလူးထုတ်လုပ်ရေးစက်ရုံအတွင်းမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။