တပ်ကုန်းမြို့နယ်တွင် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

(မှုခင်း) မတ် ၂၅

နေပြည်တော်၊တပ်ကုန်းမြို့နယ်၊လယ်ပြင်မအုပ်စု ထန်းတပင်ကျေးရွာအုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFအဖွဲ့မှ ယနေ့ နံနက်၉နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

သေဆုံးသူမှာ ဦးအောင်ကျော် (သ)၅၅နှစ်ခန့် (ဘ)ဦးတင်ဝင်း ၊ အုပ်စုအုပ်ချုပ်ရေးမှူး ထန်းတပင်ကျေးရွာ၊တပ်ကုန်းမြို့နယ် နေသူဖြစ်ပြီး အမြန်လမ်း မိုင်တိုင်အမှတ်၂၃၁/၂ဖာလုံအနီး လယ်ပြင်မအုပ်စု ထန်းတပင်ကျေးရွာအဝင်လမ်း မြောင်းအတွင်းတွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်နေရာသို့ တပ်ကုန်းမြို့ လုံခြုံရေးအဖွဲ့တို့မှ သွားရောက်ကြည့်ရှူ့စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN