ပြည်နယ်နဲ့တိုင်းဒေသကြီးက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတွေ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌတွေဖြစ်လာ

(ပြည်တွင်း) မတ် ၂၀

တိုင်း​​ဒေသကြီးနဲ့ပြည်နယ်တွေက လွှတ်တော်တွေရဲ့ ​တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေကို မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက တစ်ပြိုင်နက်တည်းကျင်းပခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးတွေကနေ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယတွေရွေးချယ်ရာမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဥက္ကဋ္ဌတွေကို လွှတ်တော်ဥက္ကဋ္ဌတွေအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြတာတွေ့ရပါတယ်။

ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးရာဝမ်ဂျုံး၊ ဒုတိယဥက္ကဋ္ဌ အဖြစ်ဦးသိန်းထွန်းအေး၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးမော်ရယ်၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးစိုးရယ်၊ ကရင်ပြည်နယ်
လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးစန်းကို
ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးအေးမင်းထွေး၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ဦးကောလ်လျန်ထန်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးသန့်ဇင်ဦး၊  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမျိုးသန့်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးမြတ်ကို ဒုတိယဥက္ကဋ္ဌအဖြစ် ဦးခင်မောင်မြင့်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဦးအောင်ချိုဦး ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာမောင်မောင်ဌေး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးခင်မောင်ညို၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်မြင့်၊  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသက်ထွေး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမင်းအောင်မြင့်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဒေါက်တာစန်းရွှေ ဒုတိယဥက္ကဋ္ဌအဖြစ် ဒေါက်တာထင်လင်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဌေးအောင် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်စိုး၊ ရှမ်းပြည်နယ်
လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစိုင်းလုံးကျော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစိုင်းထွန်းစိန်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးသိန်းထွန်း
ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသက်နိုင်ဦး
တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်က ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးက ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသလို မွန်ပြည်နယ်မှာလည်း ပါတီအတွင်းရေးမှူးတွေက လွှတ်တော် ဥက္ကဋ္ဌဖြစ်လာကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်းစိုးနဲ့ တိုငဒေသကြီးအတွင်းရေးမှူးတို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံရတာကြောင့် ပြည်ခိုင်ဖြိုးကနေဝင်ပြိုင်ပြီးအနိုင်ရလာတဲ့ လူမှုရေးဝန်ကြီးက လွှတ်တော်ဥက္ကဋ္ဌဖြစ်လာ​ပြီး ပဲခူးတိုင်းမှာတော့ ပဲခူးအနောက်ပိုင်းရဲ့ပြည်ခိုင်ဖြိုးဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဖြစ်လာတာပါ။

ပြည်ထောင်စုအဆင့်မှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသလို နေပြည်တော်နဲ့ရမည်းသင်း ကနေ PR နဲ့အရွေးချယ်ခံရတဲ့ ကောင်စီအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးကတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်လာလို့ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် လွှတ်တော်သက်တမ်းတစ်ဝက်ကို ဦးဆောင်နေပါတယ်။

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ သမ္မတနဲ့ ဒုတိယသမ္မတရွေးချယ်ရေးအစည်းအဝေးတွေကျင်းပမှာဖြစ်တယ်လို့ မနေ့က မတ်လ ၂၀ ရက်နေ့မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့ပါတယ်။

#PAN