မွန်ပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားယာဉ်ကျေးမှုစင်တာဖွင့်လှစ်မည်

(ပြည်တွင်း) မတ် ၁၇

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မင်းရွာမှာတည်ဆောက်ထားတဲ့ တိုင်းရင်းသားယာဉ်ကျေးမှုစင်တာ (Ethnic Cultural Center) ကို လာမယ့် မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာကို မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မွန်၊ ဗမာ၊ ပအိုဝ်းနဲ့ ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု အနုပညာတွေကို တစ်နေရာတည်းမှာ အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ဖို့နဲ့ ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်လာနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။

“ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာမှုမရှိအောင် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်းမှာ အချိန်မီ ပြီးစီးအောင်အပါအဝင် စံချိန်စံညွှန်းနဲ့ ကိုက်ညီစေဖို့ အထူးအလေးထားဆောင်ရွက်ခဲ့တာကြောင့် မကြာခင်ရက်ပိုင်းမှာ ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်” လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက ပြောပါတယ်။

တိုင်းရင်းသားယာဉ်ကျေးမှုစင်တာ(Ethnic Cultural Center) ကို မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောင့်ရေးဦးစီးဌာနက ဆောင်ရွက်တာဖြစ်ပြီး (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ်လာမယ့် လာမယ့် မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။