
(ပြည်တွင်း) မတ် ၁၇
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၈/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်စွဲဖြင့် ပြဋ္ဌာန်းလိုက်ပြီး အဆိုပါဥပဒေက ဧပြီလ ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်ကြောင်းသိရပါတယ်။
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတွင် အခန်း (၁၀)ခန်း ပါဝင်ပြီး အခန်း(၁)အမည်၊ စတင် အကျိုးသက်ရောက်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ကောက်ခံရန် အခွန်လျာထားချက်၊ အခန်း(၃) အခွန်နှုန်းများသတ်မှတ်ခြင်းနှင့်အစီရင်ခံခြင်း၊ အခန်း(၄)သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ အခန်း(၅) အထူးကုန်စည်ခွန်၊ အခန်း(၆)ကုန်သွယ်လုပ်ငန်းခွန်၊ အခန်း(၇)ဝင်ငွေခွန်၊ အခန်း(၈)ရတနာခွန်၊ အခန်း(၉) အခြားအခွန်အကောက်ဆိုင်ရာ ကောက်ခံရမည့်နှုန်းထားများ၊ အခန်း(၁၀)အထွေထွေတို့ ဖြစ်ကာ ပုဒ်မ ၄၃ ခု ဖြင့် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။