“စစ်ပွဲက မကြာခင် ပြီးတော့မှာပါ” ဟု သမ္မတ ထရမ့် Axios သတင်းဌာနသို့ ပြောကြား

(နိုင်ငံတကာ)မတ် ၁၂

     သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မကြာမီ” (SOON) အဆုံးသတ်တော့မယ်လို့ Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ခြင်းဖြစ်သည်။

      ထရမ့်က အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို အမေရိကန်နဲ့ အစ္စရေးတို့က ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပြီဖြစ်လို့ စစ်ပွဲကို အချိန်အကြာကြီး ဆွဲထားဖို့ အစီ အစဉ်မရှိကြောင်း ပြောဆိုခဲ့တာပါ။ “ကျွန်တော်တို့ လုပ်စရာရှိတာတွေကို လုပ်ခဲ့ပြီးပြီ၊ အခုဟာက အဆုံး သတ်ဖို့ပဲ ကျန်တော့တယ်” လို့ သူက ဆိုသည်။

     “စစ်ပွဲက မကြာခင် ပြီးတော့မှာပါ။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေရှိပြီး အောင်မြင်မှုတွေလည်း ရနေပါပြီ” ဟု ၎င်း ပြောကြားလိုက်သည်။ ဤပြောကြားချက်သည် အမေရိကန်ပြည်တွင်းမှ စစ်ပွဲဆန့်ကျင်သူများကို တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး၊ အမေရိကန်အနေဖြင့် စစ်ပွဲထဲတွင် ရေရှည်ပိတ်မိနေမည်မဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။

      အီရန်ဘက်က ၎င်းတို့၏ နျူကလီးယားနှင့် ဒုံး ကျည်အစီအစဉ်များအပေါ် မည်ကဲ့သို့ အလျှော့ပေးလာမည်နည်းဆိုသည်မှာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဓိက သော့ချက်ဖြစ်လာမည်ဖြစ်သည်။

     သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ စစ်ပွဲကို “မကြာမီ” အဆုံးသတ်မယ်လို့ ပြောဆိုရာမှာ အီရန်ဘက်က လိုက် နာရမယ့် “စည်းကမ်းချက်များ” (Terms) နဲ့ ပတ်သက်ပြီး သူကိုင်စွဲထားတဲ့ “အပေးအယူသစ်” (A New Deal)
မှာ ၁၂ ချက်ရှိပြီး အရင်ကရှိခဲ့တဲ့ နျူကလီးယားသဘောတူညီချက် (JCPOA) ထက် ပိုမိုတင်းကျပ်တဲ့ အချက်တွေကို လိုလားနေသည်။

    အီရန်၏ နျူကလီးယားအစီအစဥ်နှင့်ပတ်သက်ပြီး
နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ခြေရှိတဲ့ ယူရေ နီယံသန့်စင်မှုအားလုံးကို ရပ်တန့်ရမှာဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို အကန့်အသတ်မရှိ စစ်ဆေးခွင့်ပေးရမယ်လို့ ဆိုသည်။

    နျူကလီးယားတင်မကဘဲ အစ္စရေးနဲ့ ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်တွေကိုပါ ဖျက်သိမ်းဖို့ ဒါမှမဟုတ် အကြီးအကျယ် ကန့်သတ်ဖို့ တောင်းဆိုထားသည်။ ဒါအပြင် ဒေသတွင်းရှိ ဟားမတ်စ် (Hamas)၊ ဟစ်ဇ်ဘိုလာ (Hezbollah) နဲ့ ဟူသီ (Houthi) အစရှိတဲ့ လက်နက်ကိုင်အုပ်စုတွေကို ငွေ ကြေးနဲ့ လက်နက်ထောက်ပံ့နေတာတွေကို အီရန်က လုံးဝရပ်ဆိုင်းရမည်ဟု တောင်းဆိုထားသည်။

    အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) က စစ်ပွဲရပ်တန့်ဖို့အတွက် အမေရိကန်ဘက်က အီရန်၏ တရားဝင်အခွင့်အရေးများကို အသိ အမှတ်ပြုရန်၊ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် စစ်လျော်ကြေးပေးရန်နှင့် နောင်တွင် အီရန်ကို ထပ်မံကျူးကျော်တိုက်ခိုက်ခြင်း မပြုရန် နိုင်ငံတကာအာမခံချက်ပေးရန် ဆိုသည့် အချက် ၃ ချက်ကို ပြန် လည်တောင်းဆိုထားသည်။

     ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီရဲ့ အစိုးရ အဖွဲ့က အကယ်၍ စစ်ပွဲဟာ ထရမ့်ပြောသလို မပြီးဘဲ ကြာရှည်နေမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မှာဖြစ်ပြီး ရေနံဈေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၂၀၀ အထိ မြင့်တက်သွားကာ ကမ္ဘာ့စီးပွားရေးကို ပျက်စီးစေလိမ့်မယ်လို့ သတိပေးထားသည်။

    ထရမ့်က “မကြာမီပြီးမည်” ဟု ဆိုသော်လည်း အီရန် ဘက်က အလျှော့မပေးသည့်အတွက် စစ်ပွဲမှာ ပိုမိုပြင်းထန်လာနိုင်သည့် အလားအလာရှိနေသည်ဟု စစ်ရေးကျွမ်းကျင်သူများက ဆိုသည်။

​​​#PositiveAngle #IsraelResponse #SpainVsIsrael #DiplomaticWar #IranConflict #InternationalPolitics

Telegram»…
https://t.me/positiveanglenews

#PAN