တရုတ်-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၃၀) နှစ်ပြည့်- ဝမ်ယိ ချီးကျူးစကားဆို

(နိုင်ငံတကာ)မတ် ၉

     တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀) ကတည်းက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စတင်ခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ အဆိုပါဆက်ဆံရေးဟာ “သမိုင်းတစ်လျှောက် အကောင်းဆုံးအခြေအနေ” ကို ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

     နှစ်နိုင်ငံကြား နယ်စပ်ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့သလို၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုဟာလည်း အထူးမြင့်မားနေကြောင်း ဝမ်ယိက ဆိုသည်။

     ဝမ်ယိက “ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် အေးစက်သော စစ်ပွဲခေတ်ကဲ့သို့ မဟုတ်ဘဲ အပြန်အလှန် လေး စားမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံထားသည်။” ဟု ထပ်လောင်းပြောကြားပါသည်။

     အမေရိကန်ဦးဆောင်တဲ့ တစ်ဦးတည်းမူဝါဒ (Unilateralism) ကို တန်ပြန်ဖို့အတွက် တရုတ်နဲ့ ရုရှားဟာ ကမ္ဘာ့ဇာတ်ခုံမှာ ပိုမိုပူးပေါင်းဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အာဏာပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် တရုတ်နှင့် ရုရှားက ၎င်းတို့၏ မဟာမိတ်အင်အားကို ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။

     ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်က အဓိက ဝယ်ယူနေသလို၊ တရုတ်ရဲ့ နည်းပညာနဲ့ ကုန်စည်တွေကလည်း ရုရှားဈေးကွက်ကို လွှမ်းမိုးထားသည်။

     ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ် (Sergey Lavrov) ကနှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်နိုင်ငံတကာဆက်ဆံရေးထက် ကျော်လွန်ပြီး “နယ်ပယ်တိုင်းမှာ အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မယ့်” ဆက်ဆံရေးဖြစ်တယ်။ ရုရှားက တရုတ်နဲ့ပူးပေါင်းပြီး အမေရိကန်ဦးဆောင်တဲ့ တစ်နိုင်ငံတည်းက ကမ္ဘာကိုကြိုးကိုင်တဲ့စနစ် (Unipolar World) ကို အဆုံးသတ်ဖို့ ပြတ်ပြတ်သားသား ပြောဆိုထားပါသည်။

#PositiveAngle #ChinaRussia #WangYi #StrategicPartnership #30Years #GlobalPolitics #NewsUpdate

Telegram»…
https://t.me/positiveanglenews

#PAN