
(မှုခင်း)မတ်လ ၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၇၅/၃-၇၅/၄ ကြားတွင် ဘုရားဖူးယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ ၅ရက် ညနေပိုင်းက နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင် လာသော Higer အမျိုးအစား ဘုရားဖူးယာဉ်က အမြန်လမ်းမကြီးပေါ် မောင်းနှင်နေစဉ် ကျား(၃)ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်သည် လမ်းမပေါ် ဖြတ်ကူးစဉ် ဘုရားဖူးမှန်လုံခရီးသည်ယာဉ်နှင့်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါသူ ကျား(၃)ဦးစလုံးအခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PAN