
(ပြည်တွင်း) မတ် ၆
၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေကြသော ကျောင်းသား၊ကျောင်းသူများ ပညာရေးနစ်နာမှုမရှိစေရန် ဆေးရုံဖြေစာစစ်ဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံးကြီး၊ ဗဟိုအမျိုးသမီးဆေးရုံးကြီး(ရန်ကုန်)၊ အထူးကူဆေးရုံကြီး(ဝေဘာဂီ)၊မန္တလေးပြည်သူ့ဆေးရုံကြီး နှင့် နေပြည်တော်ပြည်သူ့ဆေးရုံးကြီး၊ ခုတင်(၁၀၀၀)တို့ ၌ ဆေးရုံဖြေစာစစ်ဌာနများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထိုပြင် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် ခရိုင်၊မြို့နယ်များရှိ ဆေးရုံးကြီးများမှာ ဆေးရုံတက်ရောက် ကုသမှု ခံယူနေတဲ့ ကျောင်းသားကျောင်းသူ(လူနာ)များအတွက် သက်ဆိုင်ရာပညာရေးမှုးနှင့် ကျောင်းအုပ်ကြီးတို့က ညှိနှိုင်း လာပါက အဆိုပါဆေးရုံကြီးများတွင် ဆေးရုံဖြေစာစစ်ဌာန ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။