ပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်မှုကျူးလွန်၍ ပစ်ဒဏ်ကျ အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

PAN – Feb 2

နိုင်ငံတော် ယာယီသမ္မတမှ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဖြင့် အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သိရသည်။

ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်မှုကျူးလွန်၍ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၃၃၇ ဦးကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN