

(မှုခင်း) ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငမိုးရိပ်လမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ ယနေ့ နံနက် ၁၁ နာရီ ၄၆ မိနစ်အချိန်ကခန့်မှ မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂နာရီ၂၇မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂နာရီ၄၈မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်မှုဖြစ်စဥ်အား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။