(မှုခင်း) ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ဈေးရောင်းနေတဲ့ ဆိုင်ရှင်အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် အမျိုးသား(၃) ဦးမှ လာရောက်ဖမ်းဆီး သွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေ ၄ နာရီခွဲခန့်က လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ဆိုင်အဖြစ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ရှေ့သို့ ကားအဖြူအတွင်းမှ Mask တပ်ထားတဲ့ အမျိုးသား ၃ဦး ဆင်းလာပြီး ဆိုင်အတွင်းတွင်ဝင်ရောက်ကာ ဈေးဆိုင်ကောင်တာတွင်ဈေးရောင်းနေတဲ့ ဆိုင်ရှင် မယဉ်ယဉ်ထွန်း (ဘ) ဦးရှန်လိန်း အသက်(၂၃)နှစ်အရွယ်နှင့်အား သေနတ်ဖြင့်ချိန်ကာ ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး ဆိုင်တွင် ရောင်းရသော ငွေကြေးအချို့ကိုပါ ယူဆောင်သွားခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ယခုလိုဖြစ်ရက်မျိုး ယခင်ကလည်းဖြစ်ခဲ့ပြီး အကြမ်းဖက်များမြို့ကိုမသိမ်းပိုက်မှီ အလားတူဖြစ်စဉ်မျိုးတွေဖြစ်ခဲ့တာကြောင့် ဒေသခံများဟာ အရင်ပြန်လိုဖြစ်မှာကို စိုးရိမ်နေကြကြောင်းလည်းသိရသည်။