ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ ဒုချုပ်ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅

လာမယ့် မတ်လ ၁၆ ရက်နေ့ကစပြီး လွှတ်တော်အသီးတွေရဲ့ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေကို စတင်ကျင်းပတော့မှာဖြစ်ပြီး သမ္မတရွေးချယ်တင်မြှောက်ရေးနဲ့ အစိုးရလွှဲပြောင်းရေးတွေကို ဧပြီလဆန်းပိုင်းမှာ ဆောင်ရွက်မယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်လို့ လွှတ်တော်ခေါ်ယူကာ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီး မတ်လ ၁၆ ရက်နေ့မှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေ၊ မတ်လ ၁၈ ရက်နေ့မှာ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကျင်းပဖို့ဆောင်ရွက်နေပြီး ဧပြီလဆန်းပိုင်းမှာ သမ္မတ ရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်ရဲ့တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ နောင်ဝိုး၊ ကျိုင်းခမ်းနဲ့မိုင်းပျဦးတပ်နယ်တွေက နယ်မြေခံတပ်တွေကို သွာရောက်ပြီး အရာရှိစစ်သည် မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကိုဆောင်ရွက်ပြီး နိုင်ငံတော်အာဏာကိုမတရားရယူဖို့ကြိုးစားခဲ့တာကြောင့် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နဲ့အညီ နိုင်ငံတော်တညတန်တွေကို ထမ်းဆောင်ခဲ့ရပြီး နိုင်ငံတော်အစိူရတာဝန်ထမ်းဆောင်ချိန်ကစပြီး ဦးတည်ချက်တွေချမှတ်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေပြီးဆုံးချိန်မှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို နိုင်ငံတော်ရဲ့တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမယ်ဆိုတာ ပါရှိပြီဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ပြီး အပိုင်း(၃)ပိုင်းခွဲကာ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သလိုတစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိတယ်လို့ ကောင်စီဒုတိယဥက္ကဋ္ဌရဲ့ပြောဆိုချက်အရ သိရပါတယ်။

မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM) စက်တွေနဲ့ စနစ်တကျမဲပေးတွေကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေရဲ့ ရှေ့မှောက်မှာ ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဟာ မဲမသမာမှုနဲ့ မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့လည်း သူကပြောဆိုထားပါတယ်။