
(စီးပွားရေး) ဖေဖော်ဝါရီ ၂၅
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့အခြေစိုက် Fresh Leader Co., Ltd. က မြန်မာနိုင်ငံမှ ပိန်းရိုးခြောက်များ ဝယ်ယူတင်သွင်းလိုကြောင်း အသိပေးလာသည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ထံမှ သိရသည်။
ပိန်းရိုးခြောက်များဝယ်ယူလိုခြင်းမှာ ကိုရီးယားအမဲသားစွပ်ပြုတ် (အစပ်အရသာ) ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် လိုအပ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထိုကြောင့် တောင်ကိုရီးယားသို့ ပိန်းရိုးခြောက် တင်ပို့လိုသော လုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများသည် ကုမ္ပဏီအမည်၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်အမည်၊ ရာထူးနှင့် Viber ဖုန်းနံပါတ်တို့ကို အသင်းရုံး ဖုန်းနံပါတ် 0943127656 (Viber) သို့ ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။
အင်ချွန်းမြို့အခြေစိုက် Fresh Leader Co., Ltd. သည် ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံများမှ လယ်ယာထွက်ကုန်များ တင်သွင်းကာ ကိုရီးယားနိုင်ငံအတွင်း နာမည်ကြီးကုမ္ပဏီများဖြစ်သည့် Ottogi Corporation နှင့် CJ Group သို့ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။