ကောင်းမွန်ပြီး အလယ်အလတ်အဆင့်သာရှိတဲ့ ရန်ကုန်လေထုကို ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ လို့ အစိုးရအပုတ်ချမီဒီယာတစ်ခုဖော်ပြ

(မိုး/ဇလ) ဖေဖော်ဝါရီ ၂၅

ရန်ကုန်မြို့ရဲ့လေထုညစ်ညမ်းမှုဟာ AQI (လေထုအရည်အသွေး အညွှန်းကိန်း) ၁၂၀ ရှိနေပြီး ကမ္ဘာ့အဆင့် ၄ နေရာတွင်ရှိနေလို့ ကျန်းမာရေးအားနည်းတဲ့ ထိခိုက်လွယ်အုပ်စုတွေအတွက် အန္တရာယ်ရှိတဲ့ အဆင့်ကိုရောက်ရှိနေတယ်လို့ ရန်ကုန်လူထုစိုးရိမ်အောင် အစိုးရအပုတ်ချမီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီသတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့ဟာ စက်မှုလုပ်ငန်းတွေအပြင် လူဦးရေထူထပ်ပေမယ့် လေထုအရည်အသွေး အညွှန်းကိန်းတွေကို ဖော်ပြနေတဲ့ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQ Air ဖော်ပြချက်တွေမှာတော့ အလယ်အလတ်အဆင့်လောက်မှာသာရှိနေတာဖြစ်ပါတယ်။

လေထုအရည်အသွေးညွှန်းကိန်း (AQI) သုညကနေ ၅၀ အတွင်းရှိပါက ကောင်းမွန်ပြီး ၅၀ ကနေ ၁၀၀ အကြားကတော့ အလယ်အလတ် အဆင့်ဖြစ်သလို ၁၀၁ ကနေ ၁၅၀ ကြားဆိုရင်တော့ ထိခိုက်လွယ်သူတွေအတွက်အနည်းငယ် ကောင်းမွန်မှု မရှိပေမယ့် ၁၅၁ ကနေ ၂၀၀ အဆင့်ကကျန်းမာရေးအတွက် မကောင်းသလို ၂၀၁ ကနေ ၃၀၀ အဆင့်ရှိပါက ကျန်းမာရေးထိခိုက်နိုင်ပြီး ၃၀၁ အထက်ရှိပါက ကျန်းမာရေးကို အန္တရာယ်ပေးသည့်အဆင့်ဖြစ်တယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် ပြင်ပလှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့၊ အပြင်ထွက်တဲ့အခါ MASK တပ်ဖို့နဲ့ လေကောင်းလေသန့်ရတဲ့နေရာတွေ နေအိမ်တွေထဲမှာနေထိုင်တာက အကောင်းဆုံးဖြစ်တယ်လို့ ကျန်းမာရေးလိုက်စားသူတွေကပြောဆိုထားပြီး လေထုအရည်အသွေးဟာ ရာသီဥတုလိုပဲ မကြာခဏပြောင်းလဲလွယ်တယ်လို့လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေကပြောဆိုထားပါတယ်။