TNLA နဲ့ MNDAA အနေနဲ့ လူထုအပေါ် ဦးတည်တိုက်ခိုက်တာတွေမပြုလုပ်ဖို့ တအာင်း ၆ ဖွဲ့ပြောဆိုထား

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၄

PSLF/TNLA နဲ့ I MNTJP/MNDAA အဖွဲ့တွေအနေနဲ့ လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ဖို့ တအာင်းအဖွဲ့အစည်းတွေဖြစ်တဲ့ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ – TSYU- TWO ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း – 1၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း – TLAF ၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း – THO၊ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ – TEWG၊ တအာင်းပညာရေးအင်စတီကျူ – TEI စတဲ့အဖွဲ့တွေက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့အကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး မြေပြင်မှာ တင်းမာမှုဖြစ်ပွားခဲ့တာဟာ တစ်ပတ်ကျော် ကြာမြင့်လာပြီး အဲ့ဒီတင်းမာမှုကြောင့်ပဲ နှစ်ဖက်အပြန်အလှန်ရိုက်နှက်မှုတွေ ထိခိုက်ဒဏ်ရာရတာတွေ၊ ဖမ်းဆီးတာတွေရှိနေတယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုတွေဟာ ကြားညှပ်ပြီး ဓားစာခံအဖြစ် ခါးစည်းခံရနေရပြီး လူထုကို ပစ်မှတ်ထား ရိုက်နှက်တာ၊ ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တာတွေ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးတာတွေ စသည့် လူထုကို ပစ်မှတ်ထား လက် စားချေမှု၊ ရန်လိုမှုတွေ ပြုလုပ်နေတဲ့အပြင် အွန်လိုင်းစာမျက်နှာတွေမှာလည်း လူမျိုးရေးပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာဖန်တီးနေတဲ့ အပြုအမူတွေနဲ့ လူထု အပေါ်အကြမ်းဖက်မှုတွေ ဖြစ်ပွားလျှက်ရှိတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

MNDAA နဲ့ TNLA တို့ဟာ အချင်းချင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်သူလူထုအပေါ်ပုံချကာ ရန်လိုတာတွေ၊ ဖမ်းဆီးရိုက်နှက်တာတွေ၊ သွားလာခွင့်ပိတ်ပင်တာတွေ၊ ကုန်စည်သယ်ဆောင်ခွင့်တားဆီးတာတွေနဲ့ လုထုကို အကြမ်းဖက် တာတွေ မပြုလုပ်ဖို့ အဖွဲ့ ၆ ဖွဲ့က တောင်းဆိုထားတာ ဖြစ်ပါတယ်။