
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈
ကမ္ဘာပေါ်တွင်အကောင်ရေ ၁၀,၀၀၀ ခန့်သာ ကျန်ရှိသည့် ပန်ဒါနီမျိုးစိတ်များသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ရှိ ရေခဲတောင်များပေါ်တွင် ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါ ပန်ဒါနီများသည် မြန်မာနိုင်ငံအပါအဝင် တရုတ်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ တိဘက် စသည့် နိုင်ငံများတွင်လည်း ရှင်သန်ကျက်စားလျက်ရှိပြီး ရေအရင်းအမြစ်နှင့် နီးစပ်သည့် နေရာများ၊ ဝါးရုံတောများပေါများစွာ ပေါက်ရောက်သည့်နေရာများနှင့် မတ်စောက်သော တောတောင်များတွင် နေထိုင်ကျက်စားလျက်ရှိပါတယ်။
The International Union for Conservation of Nature (IUCN) က ကမ္ဘာပေါ်တွင် ကောင်ရေ ၁၀,၀၀၀ ခန့် သာ ကျန်ရှိသော ပန်ဒါနီများကို မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ ရှားပါးမျိုးစိတ်စာရင်းတွင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။