
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာနဲ့ ကျောက်တောင်ရွာမှာရှိတဲ့ ဖုန်းတာဝါတိုင်များကို PDF အကြမ်းဖက်တွေနဲ့ ကရင်လက်နက်ကိုင် KNU ကဖျက်ဆီးလိုက်တာကြောင့် ဒေသခံတွေ ဆက်သွယ်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ကရင်လက်နက်ကိုင်သောင်းကျန်းသူ KNU နဲ့ PDF အကြမ်းဖက် အင်အား ၅၀ ဦးခန့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပလောက်မြို့ထဲမှာရှိတဲ့ အဆိုပါကျေးရွာ ၂ ရွာက ဆက်သွယ်ရေးတာဝါတိုင်တွေကို လာရောက်ဖျက်ဆီးသွားတာလို့ သိရပါတယ်။
လက်ရှိမှာတော့ ပလောက်မြို့ပေါ်ကလွဲရင် အခြားရွာတွေမှာ ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းတွေပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ဟောင်းလောင်းရွာမှာ တပ်စွဲထားတဲ့ တပ်စခန်းငယ်တစ်ခုကို အကြမ်းဖက်အဖွဲ့တွေ လာရောက်ပစ်ခတ်တာကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။