

(မှုခင်း) ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်ခန့်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ကြီးစုကျေးရွာ၊ တောင်တွင်းကြီးလမ်းရှိ အ.မ.က (၂၃) စာသင်ကျောင်းတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းတည့် ၁၂ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၄၃ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။