ဆန့်ကျင်ဘက်မီဒီယာတွေက နည်းမျိုးစုံအသုံးပြု လုပ်ကြံဝါဒဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင်လုပ်နေတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၅

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေနဲ့ အချင်းချင်း ယုံကြည်လေးစားမှု၊ နားလည်မှုတွေ အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမှာဖြစ်ပြီး မီဒီယာကဏ္ဍမှလည်း လုပ်ကြံဝါဒဖြန့်မှု၊ သတင်းတု သတင်းမှား​တွေကို မီဒီယာစွမ်းအားနဲ့ချေဖျက်ပြီး သတင်းမှန်ပြန်ကြားပေးနိုင်အောင် အလေးထား ဆောင်ရွက်ပေးကြဖို့တယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကပြောပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ အေးအတူပူအမျှ ကာလရှည်ကြာစွာ
လက်တွဲနေထိုင်ခဲ့ကြတဲ့ မိမိတို့နိုင်ငံအပေါ် ပြည်တွင်းပြည်ပက ဆန့်ကျင်ဘက်မီဒီယာတွေက နည်းမျိုးစုံအသုံးပြု လုပ်ကြံဝါဒဖြန့်ကာ နိုင်ငံတော်ပြိုကွဲအောင် ဆောင်ရွက်နေကြတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ်က သူကဆိုပါတယ်။ 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ မီဒီယာကဏ္ဍက ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်​တွေကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို တပ်စခန်းနေရာတွေအထိ သွားရောက်ဖျော်ဖြေကာ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေး
ခြင်း၊သဘာဝဘေးဒဏ်ကျရောက်ခဲ့တဲ့ဒေသတွေနဲ့ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတဲ့ ပြည်သူတွေ
အပန်းဖြေစိတ်ခွန်အားသစ်တွေ
ရရှိစေဖို့ ဖျော်ဖြေပေးခြင်း
အပါအဝင် နိုင်ငံတော်ကချမှတ်ထားတဲ့ ဦးတည်ချက်များ၊ ရည်မှန်းချက်တွေတိုးတက်အောင်မြင်စေဖို့ တက်ကြွစွာပါဝင်ဆောင်ရွက်နေတဲ့
အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ မြန်မာ့ရုပ်မြင်သံကြားရဲ့ နှစ် ၈၀ ပြည့်အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုလိုက်တယဖြစ်ပါတယ်။

နေပြည်တော် တပ်ကုန်းမြို့မှာရှိတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးချုပ်မှာကျင်းပတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကိုနိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။