(မှုခင်း)ဖေဖော်ဝါရီ ၁၄
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ရွှေကြာပင်ရပ်ကွက်၊သာယာကုန်းအပိုင်းရှိ၊အဟောင်းပစ္စည်းဆိုင်တွင် ယနေ့ ၁၀နါရီ၄၀မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့် နေရာသို့ ဇမ္ဗူသီရိမြို့နယ်မီးသတ်ယာဥ် ၉စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်သူများ၊လူငယ်အဖွဲ့များမှ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက်၁၁နာရီ၂၀မိနစ် အချိန်တွင် မီးထိန်းနိုင်ပြီး နံနက်၁၁နာရီ၂၅မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN