(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂
ဇန်နဝါရီလ ၂၂ ရက်ကနေ ဧပြီလ ၁၇ ရက်နေ့အထိကျင်းပနေတဲ့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြိုနယ်ထဲက မန်းရွှေစက်တော်ရာ ဘုရားကြီးကို လာရောက်ဖူးမျှော်သူတွေများပြားနေတယ်လို့ သိရပါတယ်။
မဟာသင်္ကြန် ရုံးပိတ်ရက်များအပါအဝင် တပိုတွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း (၈၆) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီနှစ်ပွဲတော်ရာသီမှာ မနက်ကထက် ဘုရားဖူးပြည်သူများပြားနေသလို သောင်ပြင်မှာဆောက်လုပ်ထားတဲ့ ညအိပ်တည်းခိုနားနေဆောင်နဲ့ ဘုရားပရိဝုဏ်အတွင်းက ဓမ္မာရုံတွေမှာလည်း ညအိပ်တည်းခိုရင်း စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးမြော်နိုင်တယ်လို့ သိရပါတယ်။
မင်းဘူး (စကု) မြို့နယ်ထဲက မန်းရွှေစက်တော်ရာဘုရားကြီးဟာ မြန်မာနိုင်ငံရဲ့ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ ရက်အရှည်ကြာဆုံးကျင်းပသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN