





(မှုခင်း)ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာတွင် ယနေ့နံနက် ၇နာရီ၁၅မိနစ်အချိန်က ယာဉ်နှစ်စီး ထိပ်တိုက်မှုဖြစ်ပွားပြီးကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့နံနက် ၇နာရီ၁၅မိနစ်အချိန်က ဖယ်ရီကားနှင့် ကျားမင်းခရီးသည်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ဖယ်ရီကားပေါ်မှ ယာဥ်မောင်းအပါဝင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ပြီး ၁၉ဦး ဒဏ်ရာ ရရှိိသူ ၁၉ဦးအနက် ၁၂ဦး ပေါင်ကျိုးသွားကြောင်း၊ ခရီးသည်ယာဥ်ကားမှ ကျောင်းသား ၁ဥိး ပွန်းပဲ့ဒဏ်ရာရရှိကြောင်း၊ ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးအပါဝင် ပရဟိတအသင်းအဖွဲ့များ စုပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဂရုဏာရှင်၊ ကြက်ခြေနီ၊ လင်းရောင်ခြည်၊ ပေးဆပ်သူ ပရဟိတသူနာတင်ယာဉ်တို့ဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။