PDF တွေဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိုင်းတောကြီး အထက်တန်းပြဆရာမ ပြန်လည် လွတ်မြောက်လာ

(ပြည်တွင်း) ဇန်နဝါရီ ၂၃

PDF အကြမ်းဖက်တွေဖမ်းဆီးခေါ်ဆောင်သွားတဲ့ မကွေးတိုင်း မင်းဘူးမြို့နယ် ကိုင်းတောကြီးရွာက အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်ကြည်ဟာ ဖမ်းဆီးခံရပြီး ၁၀ ရက်မြောက်တဲ့ ဒီနေ့မှာပဲ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နေလည် ၂ နာရီခွဲအချိန်ခန့်မှာ ကိုင်းတောကြီးရွာက အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်ကြည်ကို သူ့ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးသွားတာဖြစ်ပြီး အခုပြန်လည်လွတ်မြောက်လာချိန်မှာလည်း ဆိုင်ကယ်နဲ့အတူ ပြန်လည်လွတ်မြောက်လာတာလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ကိုင်းတောကြီးရွာထဲ ရွာလယ်ဇရပ်နဲ့ အဲ့ဒီအနီးက ကွမ်းယာဆိုင်တစ်ခုကို PDF အကြမ်းဖက်အဖွဲ့ ယူနီဖောင်းတွေဝတ်ဆင်လာတဲ့ အင်အား ၃၀ ခန့် လက်နက်ကိုယ်စီ လာပြီး လမ်းသွားလမ်းလာသူတွေကို စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာထဲရောက်ရှိလာတဲ့ PDF တွေကို NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ကျော်ကျော်ဦး ဆိုသူက စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့အိမ်တွေကို လိုက်ပြသကာ ခေါ်ယူခဲ့တယ်လို့ သိရသလို ရွာဦးကျောင်းဆရာတော် ဦးပီရ ကိုလည်း ရွာလယ် ကိုခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၃ နာရီခန့်မှာတော့ လုံခြုံရေးစစ်ကြောင်းတွေ ကိုင်းတောကြီးကိုရောက်ရှိလာတာကြောင့် အကြမ်ဖက်အဖွဲ့တွေဟာ ရွာဦးကျောင်း နန္ဒာရုံကျောင်းဆရာတော် ဦးပီရ (မြို့နယ်သံဃနာယကအဖွဲ့ဝင်) နဲ့ ကျေးရွာသားဖြစ်တဲ့ ဒေါ်အေးစိုး တို့ကို ခေါ်ဆောင်ထွက်ပြေးသွားခဲ့ကြသလို အထကခွဲ ကိုင်းတောကြီးက အထက်တန်းပြဆရာနမကိုလည်း ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ကျေးရွာရဲ့အနောက်ဘက်မှာ အပြန်အလှန်ပစ်ခတ်ကြမှုတွေဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားတွေပစ်ခတ်လိုက်တဲ့ ကျည်ဟာ နေကြာခင်းစောင့်နေတဲ့ ကိုင်းတောကြီးကျေးရွာသူ မအိအိထွေး အသက် (၂၆) ရဲ့ လက်မောင်းသေနတ်ကိုထိမှန်ခဲ့တာကြောင့် စကုဆေးရုံကို တက်ရောက်ကုသခဲ့ပေမယ့် နှလုံးရောဂါအခံကြောင့် ညနေပိုင်းမှာပဲသေဆုံးသွားတယ်လို့ လည်း သိရပါတယ်။