(နိုင်ငံတကာ) ဇန်နဝါရီ ၂၁
ဂမ်ဘီယာ နှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့ တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam-Bloom Cooper နှင့် Ms. Leigh Lawrie တို့က တုန့်ပြန်ချေပလျှောက်လဲခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က မြန်မာနိုင်ငံသည် ဘင်္ဂါလီများ ဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုကို အစိုးရ သို့မဟုတ် တပ်မတော်က ဦးစီး ဆောင်ရွက် ခဲ့သည့်အတွက် ဘင်္ဂါလီများကို မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ ၏ လျှောက်လဲမှု နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Mironက အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်သေအထောက်အထားများ ဖျက်ဆီးမှုဆိုင်ရာစွပ်စွဲချက်များနှင့် ပတ်သက်၍လည်းကောင်း၊
မြန်မာ နိုင်ငံ၏ရှေ့ နေ Sam- Bloom Cooper က သက်သေပြရန် တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron က ဂမ်ဘီယာက မြန်မာ နိုင်ငံအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများ အားအပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည် ဟု စွပ်စွဲချက်နှင့် ပတ်သက် ၍
လည်းကောင်း ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က ဂမ်ဘီယာဘက်မှ
စွပ်စွဲတောင်းဆိုထားသည့် ဥပဒေရေးရာ နောက်ဆက်တွဲကိစ္စရပ်များနှင့် ပတ်သက်၍
လည်းကောင်း တုန့်ပြန်ချေပ လျှောက်လဲခဲ့ကြကြောင်း သိရသည်။
#PAN