

(မှုခင်း) ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၏ အရှေ့ဘက် မြစ်တစ်ဖက်ကမ်းရှိ ကင်းတော်ရွာတွင် ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၀၀ နာရီ ၆ မိနစ်အချိန်ခန့်က ပိုင်ရှင် ဦးဌေးလှိုင်၏ (၃၆x၃၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်မှာ မီးဖိုမီးမှတစ်ဆင့် အိမ်နံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနေရာသို့ ခန္တီးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၃၆x၃၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ (၃၆x၃၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဌေးလှိုင်(၇၄)နှစ်အား ခန္တီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။