(မှုခင်း)ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆/၄) ဖာလုံတွင် ယမန်နေ့ည ၁၁နာရီကျော်အချိန်က Probox ယာဉ်(၁)စီးသည် လမ်းဘေးတွင်ရပ်ထားသော (၂၂)ဘီးကုန်သည်ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အခင်းဖြစ်နေရာသို့ ဝေါမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း ၊ ဖြစ်စဉ်ကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် ကျား(၂)ဦးနှင့် မ(၁)ဦး သေဆုံးခဲ့ပြီး မ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူများနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား ဝေါပရဟိတ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဝေါမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။

