ဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်

(ပြည်တွင်း) ဇန်နဝါရီ ၆

(၇၁) ကြိမ်မြောက် အောင်ဘာလေထီဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူရန်ကျန်ရှိနေပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း အောင်ဘာလေထီရုံးကနေ သိရပါတယ်။

(၇၁) ကြိမ်မြောက်အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှ ဆုမဲပေါင်း ၁၇,၃၅၈ ဆုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်အထိ လာရောက်ထုတ်ယူခွင့်ပြုထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင်ဆုမဲများလာရောက်ထုတ်ယူနိုင်ရန်အတွက် ထီပေါက်စဉ်များကို လစဉ်ထုတ်ပြန်ပေးလျက်ရှိပါတယ်။

အဆိုပါလာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုမဲများမှာ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ၃ သိန်း၊ ၂ သိန်း၊ ၁ သိန်း၊ ၅ သောင်းနှင့် ၁ သောင်းစသည့်ဆုများ အသီးသီးပါရှိကြောင်း သိရပါတယ်။