
(ပြည်တွင်း) ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ၁ မှာပါဝင်တဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ဖားအံမြို့နယ်နဲ့ မြဝတီမြို့နယ်က ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် ဖားအံမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးသက်နိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစောဇော်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစောမြင့်ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ထို့အတူ သံတောင်ကြီးမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦစောဟေသာကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ဇော်ထွန်း(ဖာပွန်ရွေးကောက်ပွဲပြုလုပ်ရန်ကျန်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစန်းကို တို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာပါ။
မြဝတီမြို့နယ်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးခင်မောင်ချင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမျိုးမင်းနောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဥိးအေးမင်းထွေးတို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။