မအူပင်မြို့နယ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွာလေးကျွန်းကျေးရွာတွင် ပိုင်ရှင် ဦးကျော်ဇင်၏ (၂၀x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွာလေးကျွန်းကျေးရွာတွင် ပိုင်ရှင် ဦးကျော်ဇင်၏ (၂၀x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ အခင်းပျဉ်ပြားပေါ်သို့ မီးစက်ကျ၍ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်တစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုနေရာသို့ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြစ်လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နာမကျန်းဖြစ်နေသူ အိမ်ရှင် ဦးကျော်ဇင်(၅၈)နှစ် မီးလောင်သေဆုံးခဲ့ပြီး၊ (၂၀x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၂)လုံး၊ (၂၀x၁၅)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် နေအိမ်ပိုင်ရှင်၏ ဇနီး ဒေါ်တင်သန်း(၅၆)နှစ်အား ရေလဲကလေးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။