(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇
အိန္ဒိယသမုဒ္ဒရာပိုင်းဇုန်နယ်မြေများတွင် ၂၀၂၆ ခုနှစ်အတွင်း အန္တရာယ်ရှိသည့် ဆူနာမီလှိုင်းအန္တရာယ်ဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အခြေစိုက်သည့် Intergovernmental Oceanographic Com-mission (IOC) က သတိပေးချက်များတွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

ဆူနာမီလှိုင်းအန္တရာယ်ဖြင့် ရင်ဆိုင်ရဖွယ်ရှိနေသည့် ဒေသပေါင်း ၁၀၀ ကျော်ထိ ရှိနေပြီး ဆူနာမီလှိုင်း အန္တရာယ်ဖြင့် ပထမဦးဆုံး ရင်ဆိုင်ရဖွယ်ရှိနေသည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ကြောင်း၊ ခန့်မှန်းချက်များအရ ဆူနာမီလှိုင်းသည် ၂၀၂၆ ခုနှစ်၊ မတ်လမှ ဧပြီလအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေပြီး အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေ သည့် ကမ်းခြေဒေသများတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း IOC က သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“IOC ရဲ့ ခန့်မှန်းချက်အရ လာမဲ့နှစ်အတွင်း ဆူနာမီလှိုင်း အန္တရာယ်နဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ဒေသတွေမှာ အိန္ဒိယနိုင်ငံရဲ့ ကမ်းခြေဒေသတချို့ ပါဝင်နေပါတယ်။
မုန်တိုင်းလိုပဲ အန္တရာယ်များတဲ့ ဆူနာမီလှိုင်းဟာ ဆိုင်ကလုန်း အခြေအနေဖြစ်ပါတယ်။
ဆူနာမီလှိုင်းအန္တရာယ်ကို ဘေးကင်းစွာရင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ လိုအပ်ပါတယ်”ဟု Indian National Center for Ocean Information Services(INCOIS)၏ ဦးဆောင် ညွှန်ကြားရေးမှူး ဘာလာခရစ်ရှ်နန် က ပြောကြားခဲ့သည်။
#PAN